ပန်းတနော် မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ အခြေခံအားကစားသင်တန်းများကို အနောက်ပိုင်းရပ်ကွက် မြို့နယ်အားကစားခန်းမနှင့် (KZG) ဖူဆယ်ဘောလုံးကွင်း၌ မတ် ၁၀ ရက်မှ ဧပြီ ၃ ရက်အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သင်တန်းတွင် ပိုက်ကျော်ခြင်း၊ ဘောလုံး၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ကြက်တောင် စသည့် အားကစားသင်တန်းများကို သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ အားကစားအပေါ် စိတ်ဝင်စားလာစေရန်၊ အားကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက်စေရန် မျိုးဆက်သစ် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)