ကလော မတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု ဘော်နင်းဘုန်းတော်ကြီးကျောင်း၌ မတ် ၁၂ ရက် နံနက်ပိုင်းက (၁၅)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ ကလောခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် တိုင်းရင်းသား ဧည့်သည်တော်များနှင့် ကလောမြို့နယ်ရှိ တောင်ရိုး တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦအောင်ကြည်ဝင်းက ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ပေးပို့သော (၁၅)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သော ထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀ ကို ရှမ်းပြည်နယ် ဥပေဒချုပ် ဦးစိုင်းကျော်ဇံက ပေးအပ်ရာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူက လက်ခံရယူသည်။ ထို့နောက် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးသောင်းရွှေ က တောင်ရိုးအမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)