နေပြည်တော် မတ် ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သာဝတ္ထိအုပ်စု အင်းသာကျေးရွာ အင်းသာ အရှေ့ကျောင်း တိုက် ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတအား သွား ရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ပန်းတင်ကျေးရွာနှင့် ပြောင်ခေါင်းကြီးကျေးရွာ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် သဲကောကြီး အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေး၍ စာမေးပွဲဖြေဆိုသူနှင့် စာမေး ပွဲလုပ်ငန်းများ အနှောင့်အယှက် မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာစစ်ဌာန ၄၇ ခုတွင် ယနေ့ ဓာတု ဗေဒဘာသာရပ်ကို ဖြေဆိုရန် စုစုပေါင်း ၇၈၀၆ ဦး စာရင်းပေးသွင်းထားပြီး ၇၆၂၁ ဦး ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၆၃ ရာခိုင်နှုန်း၊ ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုရန် စုစုပေါင်း ၈၇၀ စာရင်းပေးသွင်းထားပြီး ၈၀၀ ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်း အားဖြင့် ၉၁ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ်၊ ရွှေပြည်သာ ကျေးရွာအုပ်စု ကြံခင်းကျေးရွာအနီးရှိ ပလွေးချောင်းပိတ် ယာယီရေထိန်းဆည်မှ ဆိုလာ ရေတင်စနစ်ဖြင့် နွေသီးနှံစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေ စတင်ပေးဝေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ယာယီရေထိန်းဆည်မှ ဆိုလာရေတင်စနစ်ဖြင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရန် ဆိုလာရေတင်စက်ကို စက်ခလုတ်နှိပ်၍ ရေစတင်ပေးဝေသည်။
ထို့နောက် နွေသီးနှံစိုက်ပျိုးရန် တောင်သူများ မြေပြင်ထွန်ယက်နေမှု၊ မြေပဲ၊ ဂေါ်ဖီ၊ ကြက်သွန်၊ ငရုတ်သီးနှံစိုက်ခင်းများအား ရေပေးဝေနေမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပလွေးချောင်းပိတ် ယာယီရေထိန်း ဆည်အနီး ရှင်းလင်းဆောင်၌ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံရာ တာဝန်ရှိသူ များက ယာယီရေထိန်းဆည် တည်ဆောက်မှု၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးမှု၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဘောင် ကြီးတင် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည်များကိုမှာကြားပြီး နွေသီးနှံစိုက်ပျိုးမည့် တောင်သူများကို နှမ်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပလွေးချောင်းပိတ် ယာယီရေ ထိန်းဆည် တည်ဆောက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။
သတင်းစဉ်