နေပြည်တော်  မတ်  ၁၅

 

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ  ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ကျင်းပသည်။

 

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစား သမားများ တက်ရောက်ကြသည်။

 

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းကို ဖော်ဆောင်နိုင်ခြင်း လည်းဖြစ်သည့်အတွက် ယခုလို ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊  အကောင်းဆုံး အားကစားသမားဆုများကို ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံ အားကစား ကလောင်ရှင် များအဖွဲ့ချုပ်က ချီးမြှင့်ပေးအပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှစပြီး ယခုကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံးအားကစားဆုများကို မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ်က ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အကောင်းဆုံးအားကစားသမားဆု၊ အားကစား နည်းပြဆု၊ အားကစားအုပ်ချုပ်သူဆုနှင့် အားကစားအသင်းလိုက်ဆုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့က နှစ်စဉ်တစိုက်မတ်မတ် စနစ်တကျ ရွေးချယ်ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားလောက ဖွံဖြိုးတိုးတက်စေရေးအတွက် ဖြည့်ဆည်း ပံ့ပိုးပေးခြင်းများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိ သည့်အတွက် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများအားလုံး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းသွားကြရန်လိုကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တစ်နှစ်ထက် တစ်နှစ် တိုးတက်လာစေရမည်ဆိုသည့် ခိုင်မာသည့်ရည်မှန်းချက်များဖြင့် ကြိုးစားသွားမည်ဆိုပါက မလွဲမသွေအောင်မြင်မှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့ အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအတွက် လက်တွေ့ကျပြီး ထိရောက်သည့် စီမံချက်များရေးဆွဲ၍ ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန်နှင့် အားကစား သမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကလည်း ခိုင်မြဲသည့်ယုံကြည်ချက်၊ မြင့်မားသည့်စိတ်ဓာတ်၊ ဇွဲ၊ လုံ့လ၊ ဝိရိယများဖြင့် အမိနိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များကို ဆွတ်ခူးရယူပေးနိုင်ရေး အစွမ်းကုန် ကြိုးစားသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏက ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများရွေးချယ်ခဲ့မှု၊ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အကောင်းဆုံး အားကစား သမားဆုရရှိခဲ့သူများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု Video Clip ကို ပြသသည်။

 

ယင်းနောက် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား/အမျိုးသမီး အားကစားသမားဆုများကို ပေးအပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်()ခု၊ အရှေ့တောင် အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်()ခု၊ ငွေတံဆိပ်()ခု၊ ကြေးတံဆိပ် ()ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ မောင်ဇင်ကိုကိုနှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်()ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်း အားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့ တို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း(၂၀)စီပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် Cluster(9) ရှိ စားရိပ်သာတွင် စားသောက်သည့်နေရာ ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ ပြင်ဆင်ချက်ပြုတ်နေမှုနှင့် အသီးရွက်ထားရှိသည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)