နေပြည်တော် မတ် ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်လူဝင်မှုကြီး ကြပ်ရေးမှူးရာထူးအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကကို အင်္ဂလိပ်စာရေး ဖြေစာမေးပွဲများအား ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ နေရာအသီးသီး၌ တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့် ဇမ္ဗူသီရိမြို့နယ် ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ အဆိုပါစာမေးပွဲကျင်းပရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမှုများနှင့်ပတ်သက်၍ စာမေးပွဲခန်းများ အတွင်း လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ပေးရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဝန်ကြီးဌာန၏ လစ်လပ်လျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အတွက် အမျိုးသား(၁၂၀)၊ အမျိုးသမီး(၃၀) ၊ စုစုပေါင်း(၁၅၀) ခန့်ထားနိုင်ရေးဆောင်ရွက် လျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှောက်ထားသူများအနက် သတ်မှတ်ချက် နှင့်ကိုက်ညီစွာ လျှောက်ထားသူ အမျိုးသား (၂၆၄) ဦး၊ အမျိုးသမီး (၃၉၂) ဦး၊ စုစုပေါင်း (၆၅၆) ဦး တို့သည် အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို ယနေ့ဖြေဆိုကြပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့် အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို အမျိုးသား (၂၉) ဦး၊ အမျိုးသမီး (၅၀) ၊ စုစုပေါင်း (၇၉) ဦး ဖြေဆိုကြကြောင်းနှင့် အဆိုပါ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ အောင်မြင်သူ များအား ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းများကို မကြာမီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးမှုအောင်မြင်သူများကို ဝန်ထမ်းခန့်ထားရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်