နေပြည်တော် မတ် ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှဒေသထွက် စိုက်ပျိုးသီးနှံများ သယ်ယူပို့ဆောင်ရာတွင် အရေးကြီးသည့် ကုန်ထုတ်လမ်းအဖြစ် အသုံးပြုလျက်ရှိ သော ကျောက်ပုံ-ညောင်ချိုင်း ကျောက်ချောလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၈၅ ဒသမ ၅၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အဆိုပါလမ်း ဖောက်လုပ်ခြင်းကြောင့် ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပုံကျေးရွာနှင့် ညောင်ချိုင်းကျေးရွာများ အပါအဝင် ၎င်းလမ်းအား အသုံးပြုလျက်ရှိသည့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြု၍ ကျေးရွာနေပြည်သူများအနေဖြင့် များစွာဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်