မြိတ် မတ် ၁၈
မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် မြိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပြေးခုန်ပစ် နည်းပြ/ ဒိုင်သင်တန်းကို မတ် ၁၈ ရက် နံနက်ပိုင်းက မြိတ်ခရိုင် အားကစားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းသို့ သင်တန်းသား ၂၉ ဦးတက်ရောက်ကြပြီး မတ် ၁၈ ရက်မှ ၂၄ ရက်အထိ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကာ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် နည်းစနစ်သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်သော “ဒိုင် ”များ ဖြစ်စေရန်နှင့် အသင်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်၊ အသင်းအုပ်ချုပ်သူနှင့် ပြိုင်ပွဲဝင် အားကစားသမားများမှအစ လေးစားအားထားရသော နည်းပြဆရာကောင်းများဖြစ်စေရန်၊ မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ သင်ကြားလေ့ကျင့်ပေးနိုင်သူများဖြစ်စေရန် စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)