ဗန်းမော် မတ် ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် မေဂျာပေါင်းစုံ စာမေးပွဲကို မတ် ၁၈ ရက် နံနက် ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဒေသအခြေအနေအရ ရွေ့ပြောင်းဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် မေဂျာပေါင်းစုံမှ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်စာမေးပွဲကို ပထမနှစ်မှ မဟာတန်းထိ စာရင်းရှိဦးရေ ၁၆၈၀ ရှိသည့်အနက်၊ ပျက်ကွက်သူ ၁၄၄ ဦး၊ ဖြေဆိုသူ ၁၅၆၆ ဦးရှိပြီး စာမေးပွဲဖြေဆိုနေမှုကို ခရိုင်စီမံ အုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်တို့က လှည့်လည်အားပေးခဲ့သည်။
ဗန်းမော်တက္ကသိုလ် မေဂျာပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချော့မွေ့လုံခြုံစွာ ဖြေဆိုနိုင်စေရန်အတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ ပညာရေးဌာနမှ လုံခြုံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွှာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိကြောင်းနှင့် စာမေးပွဲကို မတ် ၁၈ ရက်နေ့မှ ၂၅ ရက်အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)