ဇလွန် မတ် ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျုံခမွန် - မြောက်စု ကျေးရွာချင်းဆက်လမ်းသစ်ဖွင့်ပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက တက်ရောက်ခဲ့သည်။

 

အဆိုပါ လမ်းသစ်ကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျုံခမွန် - မြောက်စု ကျေးရွာချင်းဆက် ကျောက်ချောလမ်းသစ်မှာ လမ်းအရှည် ပေ ၆၀၀၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ ဖြစ်ကာ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝေယံ(ပြန်/ဆက်)