နေပြည်တော် မတ် ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၁၃၈ ဒသမ ၃၈၀ သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပြင်ရွာတိုက်နယ်ရှိ ရွှေဂူကြီးဘုရား အဝင်လမ်းနေရာမှ ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းမှာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
အဆိုပါလမ်းပိုင်းသည် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ၂ မိုင် ၄ ဖာလုံနှင့် ဆက်သွယ်သည့်လမ်းဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်၌ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်ဘုရားများ၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများ တည်ရှိကာ ဒေသအတွင်း ခရီးသွားလုပ်ငန်းအတွက် များစွာအထောက်အကူပြု၍ ပတ်ဝန်းကျင်ကျေးရွာများမှ လူဦးရေ ၁၃၆၅၀ ဦးတို့၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်လာမည့်အပြင် ဒေသထွက်ကုန်များကိုလည်း ကုန်စည်စီးဆင်းမှု လျင်မြန်စွာ ပို့ဆောင်ရောင်းဝယ်နိုင်ကြပြီဖြစ်သဖြင့် များစွာ ဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်