နေပြည်တော် မတ် ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၃၈ ဒသမ ၃၈၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်ရှိ ရွှေဂူကြီး ဘုရား အဝင်လမ်းနေရာမှ ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာချင်းဆက် ကွန်ကရစ် လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းသည် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ၂ မိုင် ၄ ဖာလုံနှင့် ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး လမ်းကြောင်းတစ် လျှောက်၌ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် ဘုရားများ၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အဦများ တည်ရှိသဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းအတွက် များစွာ အထောက်အကူပြုမည့်အပြင် ပတ်ဝန်းကျင် ကျေးရွာများမှ လူဦးရေ ၁၃၆၅၀ ၏ အခြေခံ လူမှုစီးပွားဘဝများ တိုးတက်လာစေမည်ဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်များကိုလည်း ကုန် စည်စီးဆင်းမှု လျင်မြန်စွာ ပို့ဆောင်ရောင်းဝယ်နိုင်ကြပြီဖြစ်သဖြင့် ဒေသခံများ များစွာ ဝမ်း မြောက် ပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်