ကျိုင်းတုံ ၂၆ ဖေဖော်ဝါရီ


၂၀၁၈- ၂၀၁၉ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံအမျိုးသား/ အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် ခရိုင်အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

123


ပြိုင်ပွဲအဖြစ် အမျိုးသမီးပွဲစဉ်တွင် သတ္တဗေဒအသင်းနှင့် ဓာတုဗေဒအသင်းတို့ယှဉ်ပြိုင်ကြရာ သတ္တဗေဒအသင်းက အနိုင်ရရှိပြီး အမျိုးသားပွဲစဉ်၌ သင်္ချာအသင်းနှင့် ဓာတုဗေဒအသင်းတို့ ယှဉ်ပြိုင်ကြရာ ဓာတုဗေဒ အသင်းက အနိုင်ရရှိခဲ့သည်။ 


ဆက်လက်၍ ဆုများကို ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာဒေါ်ခင်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ဆုများနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမား ဆုများအား အသီးသီး ပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

123