နေပြည်တော် မတ် ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၇၈၀ ဒသမ၃၇၈ သန်းဖြင့် ကချင်ပြည်နယ်၊ ပူတာအို မြို့နယ်၊ ပူတာအိုလွင်ပြင်ပတ်လမ်း ၂၅/၀ မိုင်မှ ၁/၇ မိုင်နှင့်ပေ ၃၃၀ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ယင်းလုပ်ငန်းများအား မတ်၂၂ ရက်တွင် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဉီးဇော်ဇော်ထွန်းနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု့စစ်ဆေးရာ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ယင်းလမ်းသည် ပူတာ အိုမြို့နယ်အတွင်း သဘာဝအခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့်လုပ်ငန်းဖြစ်ပြီး ဒေသ ထွက်ကုန်များကို မြို့ပေါ်သို့ အချိန်တိုအတွင်း ပို့ဆောင်နိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘ၀နှင့် ကုန်စည်စီဆင်းမှု များစွာအထောက်အကူပြုသည့်အတွက် ကျေးလက်နေ ပြည်သူများအနေဖြင့် များစွာ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အတွင်း လမ်း/တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)