နေပြည်တော် မတ် ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၂၈၃ ဒသမ ၀၁၃ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ နာတိုက်-မကန်နောင် ကျေးရွာ ချင်းဆက် မြေသားလမ်း ၄/၀ မိုင်နှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ၁၀ စင်း ဖောက်လုပ် တည်ဆောက် ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ လမ်းဖောက်လုပ်ပြီးစီးမှုကြောင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ အဓိက ကျေးရွာ ၂ ရွာ နှင့် ပတ်၀န်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် ကုန်စည်စီဆင်းမှု များစွာအထောက်အကူပြုသည့်အတွက် ကျေးလက်နေပြည်သူများအနေဖြင့် များစွာ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခန္တီးခရိုင်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၇၂၀ ဒသမ ၈၉၃ သန်းဖြင့် မြေသားလမ်း ၇ မိုင်၊ အမာခံလမ်း ၅ မိုင်၊ Box Culvert ၂၅ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်