ရန်ကုန် မတ် ၂၃
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ဘုရားအမှူးပြုသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏသြ၀ါဒါစရိယ ဆရာတော် ကြီးများအပါအ၀င်ပင့်သံဃာတော် (၁၂၁)ပါး၊ သီလရှင်(၂၇)ပါး စုစုပေါင်း (၁၄၉) ပါးတို့က ရွှေတိဂုံစေတီတော်ရင်ပြင်၌ လက်ယာရစ်တစ်ပတ် ဆွမ်းဆန်တော်ခံယူတော်မူကြရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
ဇော်မင်းလတ်-MNA