နေပြည်တော် မတ် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး(၃၉)မိုင်ရှိ ဘောနက်ကြီးမီနီတိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းရှိန်၊ ပဲခူးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးနှင့် တိုးလ်ဂိတ်မှ တာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက လမ်းအသုံးပြုခကောက်ခံရရှိငွေများ အပြည့်အဝရရှိရေး၊ CCTV နှင့် Computer စနစ်များ ပျက်စီးပါက အမြန်ပြုပြင်ဆောင်ရွက်ရေး၊ တိုးလ်ဂိတ် ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ထားရှိရေး၊ အမြန်လမ်းပိုင်း တိုးလ်ဂိတ်များကို တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ် ကြောင်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၄၅/၂)နှင့်(၄၅/၃)ကြား ကြက်ချောင်းလက်တက်တံတားပေါ်နှင့် တံတားအဝင်/ အထွက်တွင် ယာဉ်များအန္တရာယ် မဖြစ်စေရေးအတွက် AC ကတ္တရာလမ်းနုတ်ခမ်းသားများ ညီညာမှုရှိစေရေး ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန် လမ်းကြီး မိုင်တိုင် အမှတ် (၄၉/၀)မှ(၄၉/၂)ကြား (အသွားလမ်း)နှင့် မိုင်တိုင်အမှတ်(၁၇၈/၀)မှ (၁၇၈/၂)ကြား တို့တွင် မူလကွန်ကရစ်လမ်းကို အကျယ်(၂၅)ပေ၊ ထု(၂)လက်မ ကတ္တရာကွန်ကရစ်ခင်းခြင်း နှင့် လမ်းပုခုံးကို Paved Shoulder ခင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော် မိုးဦးနှင့် တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်း တင်ပြကြရာဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း ရေး၊ AC ကတ္တရာလမ်း နုတ်ခမ်းသားများကို ယာဉ်မတော်တဆမှု အန္တရာယ်ကင်းရှင်းစေရေး အတွက် သပ်ရပ်ဖြောင့်တန်းစွာ ဂရုပြုဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်