နေပြည်တော်၊ မတ် ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာအုပ်စုရှိ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားစိုက်ပျိုးကြရန်နှင့် လိုအပ်သည့် အကူအညီ များကို သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်ပြောကြားပြီး ရာဇဌာနီလမ်းနှင့် အပြိုင် ပလပ်စတစ်လိုင်နင် တူးမြောင်းအတွင်း ရေသိုလှောင်၍ အနိမ့်တင်ဆိုလာနှင့် နွေသီးနှံ စိုက်ပျိုးရေ ပေးဝေမှု၊ နွေသီးနှံစိုက်ပျိုးရန်အတွက် ငလိုက်ဆည်မှပေးဝေသော စိုက်ပျိုးရေဝင်ရောက်နေမှုနှင့် နွေနှမ်းသီးနှံ စိုက်ပျိုး ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီနှင့်တာဝန်ရှိသူများသည် ညောင်ပင်ကြီးစုကျေးရွာအုပ်စုရှိ တောင်သူဦးတင်ငွေ စိုက်ပျိုးထားသော နွေနှမ်းသီးနှံနှင့် နွေစပါး စိုက်ပျိုးထားရှိမှု၊ ဇမ္ဗူသီရိမြို့နယ်၊ ငလိုက်ဆည်ရေသောက်စနစ်ရှိ တောင်သူဦးတိုး၏ ထိုင်းနှံကောက်စပါးစိုက်ပျိုးထားသော လယ်မြေ၊ ငလိုက်လက်ယာ လက်တံ(၄) ရေသောက်ရှိ GW 11 စပါးမျိုး စိုက်ပျိုးထားရှိမှု ၊ ငလိုက်လက်ယာ လက်တံ(၂) ရှိလယ်မြေများတွင် စိုက်ပျိုးရေ ရယူမှုအခြေအနေနှင့် ထိုင်းနှံကောက်စပါး စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။
ငလိုက်ရေသောက်စနစ်အတွင်း လက်ယာတူးမြောင်းမကြီးအား အထက်(၄)ရက်၊ အောက်(၄)ရက်စနစ်ဖြင့် အုပ်စုနှစ်စု ခွဲ၍လည်းကောင်း၊ လက်ဝဲရေသောက်စနစ်အား လက်ယာရေ သောက်အုပ်စုတစ်ခုတွင် (၂)ရက်နှုန်း ဖြင့် စုစုပေါင်း(၄)ရက်နှုန်းဖြင့် လည်းကောင်းတွဲဖက်၍ အလှည့်ကျပေးဝေလျက် ရှိသည့်အပြင်၊ လက်တံမြောင်း တစ်ခုချင်းစီတွင် မြို့နယ်အလိုက် အထက်အောက် အလှည့်ကျခွဲဝေကာ တောင်သူများကို အသိပေးကြေငြာ ထားသော ကြိုတင်ရေးဆွဲထားသည့် ရေလှည့်ဇယားအတိုင်း ဆည်ရေပေးဝေလျက်ရှိရာ အဆိုပါရေလှည့် ဇယားများအတိုင်း ပေးဝေနေခြင်းရှိမရှိ ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးရေရေလှည့်စနစ် အတိုင်း စနစ်တကျ အထက်အောက်မျှတစွာ ပေးဝေကြရန်နှင့် ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေး စီမံဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ငလိုက်လက်ယာလက်တံ(၁)၊ ကြာပင် ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာတွင် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် ထိုင်းနှံကောက်စပါးမျိုး စိုက်ပျိုးထား သောလယ်မြေအကို ကြည့်ရှုအားပေးပြီး စိုတလှည့် ခြောက်တလှည့်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးမှု စနစ်များ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး ပညာပေးစည်းရုံးဆောင်ရွက်ရန်၊ ပေါင်းသတ်ရာ၌ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေ နိုင်သည့် ပေါင်းသတ်ဆေး သုံးစွဲမှုမပြုဘဲ ရေသွင်းရေထုတ် မှန်ကန်စွာ ဆောင်ရွက်ခြင်းဖြင့် ပေါင်းသတ်ရန်၊ ရေပေးတူးမြောင်းအလိုက် ဖွဲ့စည်းထားရှိသော WUG အဖွဲ့များနှင့်ပူးပေါင်း၍ ဆည်ရေပေးဝေမှုကို ထိရောက် အောင်ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)