ရန်ကုန်   မတ်   ၂၉ 

 

စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ် (၉၄)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းသားစံပြဆုကို သင်တန်းသား ဦးထက်ဝေ၊ ဌာနခွဲစာရေး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနကို လည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူ ဒေါ်ဇာခြည်စုမင်း၊ ရုံးအုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုလည်းကောင်း ချီးမြှင့်သည်။

 

ဆက်လက်၍ ပါမောက္ခချုပ် က သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြှင့်ပြီး  သင်တန်း ဆင်းမိန့်ခွန်း ပြောကြားသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြား စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၂၉)ဦး၊ သင်တန်းသူ(၅၉)ဦး တက်ရောက် ကြောင်းနှင့် သင်တန်းကာလမှာ ဇန်နဝါရီ ၂၂  ရက်မှ မတ် ၂၉ ရက်အထိ ရက်သတ္တ(၁၀)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။    (သတင်းစဉ်)