နေပြည်တော်   မတ်  ၂၉

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၄ ဒသမ ၀၈၇ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း ပွေးကျစ်ကားလမ်းမှ ရွာလပ်- မြစည်းခုံစေတီသွားလမ်း ၂ မိုင်အနက် ၆ ဒသမ ၅ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းမှာ ယနေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

 

အဆိုပါလမ်းဖောက်လုပ်ပေးနိုင်ခဲ့မှုကြောင့် ရွာလပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ (၁၈) ရွာမှ အိမ်ထောင်စု ၁၁၂၃ စု၊ လူဦးရေ ၄၄၉၂ ဦးတို့၏ အခြေခံလူမှုစီးးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသထွက်ကုန်ပစ္စည်းများ လွယ်ကူလျင်မြန်စွာ ရောင်းဝယ် ဖောက်ကားနိုင်မည့် အဓိက ထုတ်ကုန်လမ်းဖြစ်လာသဖြင့် ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်းသိရှိရသည်။  

(သတင်းစဉ်)