နေပြည်တော် မတ် ၃၀

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်၍ စီမံကိန်းနှင့် စီမံရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနများမှ အုပ်ချုပ်ရေးအရာရှိ များနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အရာထမ်း၊ အမှုထမ်း၊ အိမ်ရာများ နှင့်  အရာထမ်း၊ အမှုထမ်း လူပျိုဆောင်/ အပျိုဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ထုတ်ပြန် ထားသည့် နေထိုင်မှုစည်းကမ်းချက်များ နှင့်အညီ လိုက်နာနေထိုင်ရေး၊ အိမ်ရာတိုက်ခန်း၊ အဆောင်အခန်းများ၏ အတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက်ရေး၊ နိုင်ငံ့တော်ပိုင် အိမ်ရာတိုက်ခန်း၊ အဆောင်အခန်းများ ရည်ရှည်ခိုင်ခံ့နိုင်ရေးအတွက် ထိန်းသိမ်းစောင့် ရှောက်ရေး၊ ပေါ့လျော့မှုကြောင့် ပျက်စီး ချို့ယွင်း မှုများကို မိမိအစီစဉ်ဖြင့် ပြင်ဆင်ရေး၊ သဘာဝဘေးနှင့် နှစ်ကာလကြာမှုကြောင့် အကြီးစား ပျက်စီးမှုများရှိပါက သတင်းပို့တင်ပြ ရေးနှင့် အိမ်ရာတိုက်များ၊ အဆောင်များ၏ အဆောက်အဦ များနှင့် မလွတ်ကင်းသည့် သစ်ပင်များ သစ်ကိုင်းများအား အလင်းဖွင့်ရှင်းလင်းရေးတို့ကို  မှာကြားခဲ့သည်။

သတင်းစဉ်