ရန်ကုန်  ၂၆  ဖေဖော်ဝါရီ 

 

တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားနှင့် နယ်စပ် စစ်ဆေးရေးစခန်း (Border Check Point)သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဖေဖော်ဝါရီ ၂၃ ရက်က သွားရောက်စစ်ဆေး ခဲ့သည်။

 

ေ

 

ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ မဟာမဲခေါင်ဒေသခွဲ လူနှင့်ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေး မူဘောင် သဘောတူစာချုပ်အရ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ကနဦး အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာအား မကြာမီကာလအတွင်း လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေမှု၊ ဆက်လက်၍ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ပို့ဆောင် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးရန်အတွက် ညှိနှိုင်းဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံအကြား ယခုလို အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေး နိုင်မည်ဖြစ်သကဲ့သို့ တရားမဝင် ကူးသန်းရောင်းဝယ်မှုများကိုလည်း တဖြည်းဖြည်းလျှော့ချ နိုင်မည်ဖြစ်ရာ အခွန် အခများလည်း တိုးတက်ရရှိနိုင်မည်ဖြစ် သည့်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။

 

ိ်

 

ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) အထက်ဘက်ရွှေနန်းတော်ကုန်တိုက်အနီး မြေထိန်းနံရံ တည်ဆောက်မည့်နေရာ၊ ချစ်ကြည်ရေးတံတားအမှတ် (၂)ရှိ (Border Control Facilities)၌ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မယ်ဆိုင်-မယ်ဟောက်ချောင်း အတွင်း (Border Reference Point) BRP 397၊ BRP 395၊ BRP 339 အနီး ကမ်းထိန်းလုပ် ငန်းဆောင်ရွက်နေမှုများ၊ မဲခေါင်မြစ်ကမ်းရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံ နယ်နိမိတ်များထိစပ်လျက်ရှိ သည့် ရွှေတြိဂံအနီး BRP 14 နှင့် 15 အကြား ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မည့်နေရာများ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ 

 

ေ

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မယ်ဆိုင်-မယ်ဟောက် ချောင်း မြန်မာဘက်ခြမ်း ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းသည် မိမိနိုင်ငံပိုင်မြေများ မဆုံးရှုံးစေရေးဆောင်ရွက် သည့် လုပ်ငန်းများဖြစ်၍ တိုင်းပြည်ကိုကာကွယ်ရာရောက်ကြောင်း၊ လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေး မထိခိုက်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဝမ်ပုံဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို လျာထားချက်နှင့်အညီ ပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် လုပ်ငန်း ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်ကြရန် မှာကြားသည်။ 

 

ေ

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မယ်ဆိုင်-မယ်ဟောက် ချောင်းအတွင်းကမ်းထိန်း လုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လုပ်ငန်း(၃)ခု၊ အမျိုးသား သဘာဝ ဘေးစီမံခန့်ခွဲမှုဆိုင်ရာ ရန်ပုံငွေဖြင့် လုပ်ငန်း(၂)ခု စုစုပေါင်းလုပ်ငန်း (၅)ခုတို့မှ ကမ်းထိန်း အလျား (၃၃၇၅) ပေ တည်ဆောက်လျက်ရှိကြောင်းသိရသည်။ 

 

(သတင်းစဉ်)

 

ေ