ဒေးဒရဲ ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာလက်ဒေသများရှိ ပြည်သူများ လောင်စာထင်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတများအား မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနက မြို့နယ်ရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇင်မောင်မောင်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်စု ၃၄ အုပ်စုရှိ အိမ်ထောင်စု ၁၇၉၆၀ အား (အုပ်စု-က) အဖြစ် ဒုတိယအကြိမ် အခမဲ့ ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ယနေ့အထိ စွမ်းအားမြှင့် မီးဖို ၇၃၁၈ လုံးအား ဖြန့်ဝေပြီးဖြစ်ကြောင်း သိရသည်။
အေဇာလင်း