ကျောက်ဖြူ၊ ဧပြီ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ဧပြီ ၂ ရက် နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ပြုလုပ်ရာ ကျန်းမာရေး ဝန်ထမ်းများက ဗီတာမင်(A) ဆေးတိုက်ကျွေးခြင်း၊ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ ပိုလီယို အကြောသေ၊ ဝက်သက်-ဂျိုက်သိုး၊ (၅) မျိုးစပ်ကာကွယ်ဆေး (ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက် အမြှေးရောင်)၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) အစရှိသည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။
ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှူးရုံးတွင် ကာကွယ်ဆေးအား ဧပြီ ၁ ရက်တွင် မွေးကင်းစမှ အသက် (၂)နှစ် အောက်ကလေးငယ် ၁၂၈ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ရှစ်ဦးတို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဧပြီ ၃ ရက်အထိ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)
