မိတ္ထီလာ ဧပြီ ၂

 

မိတ္ထီလာမြို့နယ်၌ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-up အမီလိုက်နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ကို ဧပြီ ၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့်အဖွဲ့ လာရောက်ကြည့်ရှု အားပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဧပြီ ၁ ရက်မှ ၇ ရက်အတွင်း ကျန်းမာရေးဌာနနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)