နေပြည်တော်၊ ဧပြီ ၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည်  China International Trust and Investment Corporation (CITIC) Group Myanmar Co.,Ltd မှ တာဝန်ရှိသူများကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် အခြေခံအဆောက်အအုံများ ဖြစ်သည့် လမ်း၊ တံတား တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရုံသာမက ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်မည့် အခြေအနေများနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးစီးပွားတိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်