နေပြည်တော် ဧပြီ ၆
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အတွက် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် နှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က အမှာစကား ပြောကြားကြပြီး ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသုံး ပစ္စည်းများကို ပေးအပ်ကာ စေတနာ့ဝန်ထမ်း လုပ်အားပေး နည်းပြ၊ ကြီးကြပ်များနှင့် တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အလားတူ နေပြည်တော် ပြည်ထောင်စုနယ်မြေ လယ်ဝေးခရိုင် အခြေခံစာတတ် မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီ လယ်ဝေးမြို့နယ် မြို့တော် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း နှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က အမှာစကားပြောကြားကြပြီး ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း စာသင်ဝိုင်းသုံး ပစ္စည်းများကို ပေးအပ်ကာ စေတနာ့ဝန်ထမ်း လုပ်အားပေး နည်းပြ၊ ကြီးကြပ်များနှင့် တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းတွင် စာသင်သားပေါင်း ၁၉၅၈ ဦးကို စာသင်ဝိုင်းပေါင်း ၁၃၆ ဝိုင်းစုဖွဲ့၍ စေတနာဝန်ထမ်း လုပ်အားပေး နည်းပြ/ကြီးကြပ်သူ ပေါင်း ၁၇၉ ဦးတို့က ၁ ရက် ပျမ်းမျှ ၃ နာရီ၊ နာရီအားဖြင့် ၁၂၀၊ ရက်အားဖြင့် ၄၀ ကြာ စာတတ်မြောက်ရေး သင်ကြားခြင်းနှင့်အတူ လူမှုဘဝ မြင့်မားရေးဆိုင်ရာ အသိပညာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ယခုဆောင်ရွက်သည့် စာတတ်မြောက်ရေး လုပ်ငန်းတွင် Mobile App; ကို အသုံး ပြုပြီး “ဝ၊ ထ၊ က၊ လ၊ သ” အဆင့်မှ “အ” သုံးလုံးကျေအဆင့်ထိ စာသင်သားများကိုယ်တိုင် လေ့လာသင်ယူနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်း Mobile App; အသုံးပြုနည်းကိုလည်း ဗဟိုအဆင့်နည်းပြ သင်တန်းတွင် ထည့်သွင်းပို့ချခဲ့ပြီး စာသင်ဝိုင်းများရှိ စာသင်သားများကိုလည်း Mobile App; အသုံးပြုနည်းသင်ကြားပြသ၍ သင်ယူတတ်မြောက်မှု လွယ်ကူလျင်မြန်စေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်