မြောင်းမြ  ဧပြီ ၇ 

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစာတတ်မြောက်ရေး မြို့နယ်အဆင့် (နည်းပြ) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အ.မ.က ဒိုဘီကုန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 

ဦးစွာ မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာကြီးဦးဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်တို့က စာတတ်မြောက်ရေး မြိုနယ်အဆင့် (နည်းပြ) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ မနီ (ဇာတ်လမ်း) video ကို ဖွင့်လှစ်ပြသသည်။ စာတတ်မြောက်ရေးသင်တန်းကို ကြီးကြပ်နှင့် နည်းပြ ၁၇၄ ဦးတို့မှ စာသင်သားစုစုပေါင်း ၁၇၄၇ ဦးအား စာသင်ဝိုင်း ၁၁၆ ဝိုင်းဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇေယျာ(ပြန်/ဆက်)