ဓနုဖြူ ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဧပြီ ၈ ရက် နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စာသင်ဝိုင်းများ၌ စာသင်သားများ သင်ကြားနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလှိုင်မျိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဓနုဖြူမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် နည်းပြဆရာ (၃၄)ဦးမှ စာသင်ဝိုင်း (၃၄)ဝိုင်း၊ နေရာ (၂၈)နေရာတို့တွင် စာသင်သား (၅၁၆)ဦး တက်ရောက်သင်ယူလျက်ရှိပြီး ၁ ရက်လျှင် ပျမ်းမျှ ၃ နာရီနှုန်းဖြင့် ရက်ပေါင်း (၄၀)၊ နာရီပေါင်း (၁၂၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)