မုံရွာ ဧပြီ ၈
မုံရွာတက္ကသိုလ်ရှိ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေ ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မုံရွာတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဌေးဌေးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခြင်း၊ ယာယီရွှေ့ဆိုင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ ဒုတိယအကြိမ် ရှင်းလင်းဆွေးနွေးပွဲသို့ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ စုစုပေါင်း ၂၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)