ရန်ကုန်၊ ဧပြီ ၈
သင်္ကြန်ကာလအတွင်း မြိုတော်ဝန်မဟာသင်္ကြန် ရေကစားဧည့်ခံမဏ္ဍပ်အနီးရှိ လမ်းများ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
မဟာသင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှ ဖျော်ဖြေခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါကာလအတွင်း မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ခေတ္တလမ်းပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် လမ်းလွှဲများမှ သွားလာမောင်းနှင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။
sSTWA
