ညောင်ရွှေ ဧပြီ ၉
အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို တစ်မူထူးခြားစွာ ဆင်ယင်ကျင်းပရန်၊ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်စေရန်အတွက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ၁၃၈၅ ခုနှစ် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်အား ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ အင်းရေပြင်ပေါ်ရှိ ရေလယ်ဧည့်ခန်းမ (အင်းလယ်ဗိုလ်တဲ) ရေကစားမဏ္ဍပ်၌ နိုင်ငံကျော်အဆိုတော်များ၊ အနုပညာရှင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ အကအလှများ၊ တေးဂီတအဖွဲ့များ၏ တေးသံသာများ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ တင်ဆက်ဖျော်ဖြေမှုများ၊ စေတနာရှင်အလှူရှင်များ၏ စတုဒိသာအလှူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ