နေပြည်တော်၊ ဧပြီ ၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီ ၈ ရက် နံနက် ၉ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မေတ္တာ(၂)လမ်းတွင် မသင်္ကာဖွယ် တွေ့ရှိသူ ကျော်ဝင်း(ခ) ရှောင်ကျား အားစစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၀၀၁ ကီလို ကိုလည်းကောင်း၊ ကွင်းဆက်အရ နံနက် ၁၁ နာရီတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ သမာဓိလမ်းရှိ ရှုံရံတယ်(ခ)အားဝူ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၉၇ ကီလို၊ ဘိန်းဆီခဲ ၁ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈,၅၅၀ ကိုလည်းကောင်း၊ အလားတူ ဧပြီ ၈ ရက် ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ တာပီးကျေးရွာရှိ မအားကိင့် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ ကိုလည်းကောင်း။
ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီ ၈ ရက် နံနက် ၁၁ နာရီတွင် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာအနီးတွင် TOYOTA WISH အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၀၅ ကီလို ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)