နေပြည်တော်    ဧပြီ   ၉

 

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များ ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများ နှင့် အရာထမ်း၊ အမှုထမ်းများ က Online စနစ်ဖြင့် တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာသည့် ပြည်သူ့စစ်မှု ထမ်းတာဝန်မှ ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ တိုင်းရင်းသားတိုင်းသည် နိုင်ငံသား ဖြစ်ပြီး နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေး ()ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားရှိသဖြင့် ချစ်ခင်စည်းလုံးညီညွတ်စွာ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေး မှူးရုံးများမှ တာဝန်ခံများအနေဖြင့်လည်း ယခု ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ထပ်ဆင့်ရှင်းလင်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ()ရပ်၊ ဦးတည်ချက် ()ရပ်တို့နှင့်အညီ မိသားစုအကျိုး၊ ဌာနအကျိုး၊ နိုင်ငံအကျိုးတို့ကို မိသားစုစိတ်ဓာတ်ဖြင့် ဆောင် ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း တာဝန်မှ ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်ပြုနိုင်သူများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအရ လတ်တလောတွင် အကျုံးဝင်သူနိုင်ငံသားတိုင်း စစ်မှုထမ်းရန် မလိုအပ်သေးပါကြောင်း၊ ရွေးချယ်ရေးအဖွဲ့များဖွဲ့စည်း၍ ရပ်ကျေးအဆင့် လိုအပ်သည့်ပမာဏကိုသာခေါ်ယူ၍ ဆေးစစ်ပြီး အောင်မြင်မှသာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် မြန်မာတစ်နိုင်ငံ တည်းတွင်သာ ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံများတွင်လည်း ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည့် ဥပဒေ ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိတို့ပတ်ဝန်း ကျင်ရှိ တိုင်းရင်းသားပြည်သူများအား မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ပြန်လည်ဝေမျှပြီး နိုင်ငံတော်၏အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)