မြစ်သား ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းသို့ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ စာရေးကိရိယာနှင့် အလှူငွေများကို ယနေ့နံနက် ၁၀ နာရီက ဘူတာရပ်ကွက် ဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြာင်း သိရသည်။

အဆိုပါ စာတတ်မြောက်ရေးစာသင်ဝိုင်းကို ဒေသခံပြည်သူများအတွက် အကြာင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်သည့် ပြည်သူများ လူမှုဘဝမြင့်မားလာစေပြီး စာတတ်မြောက်စေရန်၊ ယနေ့ခတ်သည် ပညာခတ်နှင့်အညီ ပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစာပေးဆောင်ရွက်ခြင်းဖြစ်ရာ ဘူတာရပ်ကွက် ဓမ္မာရုံအတွင်းရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းသို့  မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ စာသင်ကြားလျက်ရှိသော စာသင်သားများအတွက် စာရေးကိရိယာနှင့် အလှူငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား) 
 

mdn