နန်ချောင်း ဧပြီ ၂၂
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ဂန်းကျိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၃၀၀၀၀ သဘာဝဘေးသင့်ခဲ့ကြောင်း ဒေသအာဏာပိုင် များက ဧပြီ ၂၂ ရက်တွင် ပြောသည်။
ဧပြီ ၂၀ ရက်မှ ဧပြီ ၂၂ ရက် ညနေ ၃ နာရီအထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စီးပွားရေး တိုက်ရိုက်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၇ သန်းခန့်ရှိခဲ့ကြောင်း ပြည်နယ်ရေကြီးမှုထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေး ဌာနချုပ်က ပြောသည်။
လတ်တလော ကျန်းရှီးပြည်နယ်တွင် မိုးရွာသွန်း မှုရပ်စဲသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ် ရေကြီးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေးဌာနချုပ်က ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် အဆင့် - ၄ ရေကြီးရေလျှံမှု တုံ့ပြန်ဆောင်ရွက်မှုကိုရပ်နားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ