၂၇ ဖေဖော်ဝါရီ

အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်ကို တံတိုင်းကာရေးအတွက်ကုန်ကျငွေကို အရေးပေါ်ကြေငြာချက်ထုတ်ပြီး သမ္မတ ထရန့်က ရယူအသုံးပြုနိုင်ရန်  လုပ်ဆောင်ထားပါတယ်။

 

mdn

 

အဲဒီ အရေးပေါ်ကြေငြာချက်ကို တားဆီးရေးအတွက် အောက်လွတ်တော်မှာ  လွတ်တော်အမတ်များက မနေ့က မဲခွဲပြီးဆုံးဖြတ်ရာ ၂၄၅ မဲ ၁၈၂ မဲ နဲ့ တားဆီးဖို့ ကြိုးစားသူတွေဘက်က အနိုင်ရရှိသွားပါတယ်။ အောက်လွတ်တော်မှာ ဒီမိုကရက် ပါတီဝင်တွေနဲ့အတူ ရီပက်ပလစ်ကန်ပါတီအမတ် ၁၃ ဦးက ပူးပေါင်းပြီး မဲပေးခဲ့ကြောင်း သိရပါတယ်။

အောက်လွတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အထက်လွတ်တော်သို့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ အထက်လွတ်တော်မှာ ရီပက်ပလစ်ကန် အမတ် ၅၃ ဦးနဲ့ ဒီမိုကရက် အမတ် ၄၇ ဦးပါဝင်တဲ့အတွက် အထက်လွတ်တော်ကပါ အရေးပေါ်ကြေငြာချက်ကို ပယ်ချခဲ့ရင် သမ္မတ ဒေါ်နယ်ထရန့်က ဗီတိုအာဏာသုံးပြီး လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

MDN
ကိုးကား - AFP

 

mdn