ဘားအံ ၂၇ ဖေဖော်ဝါရီ 


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ ရွှေကင်းရွာရှိ နေအိမ်တစ်လုံး ဖေဖော်ဝါရီ ၂၇ ရက် ဝ၀ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ရွှေကင်းရွာနေ ဦးအပြောင့်  (၅၀)နှစ်၏ နေအိမ်မီးဖိုချောင် မီးဖိုအတွင်းရှိ မီးကြွင်းမီးကျန် မှတစ်ဆင့်  မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် အလျားပေ ၂၀ ၊အနံပေ ၄၀၊ သွပ်မိုး၊ ပျဉ်ခင်းပျဉ်ကာ လူနေအိမ် တစ်လုံး မီးလောင်ဆုံရှုံးခဲ့ကြောင်းသိရသည်။


မီးလောင်ရာသို့ ဘားအံမြို့နယ် မီးသတ်စခန်းနှင့် စက်မှုဇုန် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၄)စီး၊ အုပ်ချုပ်မှု ယာဉ်(၁)စီး မီးသတ်ဖွဲ့ဝင်များ၊ကျေးရွာသားများ မီးငြိမ်းသတ်ခဲ့ကြရာ လူနှင့် အိမ်မွေးတိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် မီးပေါ့ဆသူ အိမ်ရှင်အား စက်မှုဇုန်နယ်မြေ ရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

                                    
နေမျိုးလွင်(ပြန်/ဆက်)