မုဒုံ   မေ   ၁

 

၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီက မွန်ပြည်နယ် မုဒုံမြို့

နယ်မြေမီးသတ်စခန်းရှေ့၌ ဆိုင်းဘုတ်ပိုစတာ စိုက်ထူခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဉီးစီးဌာနမှမြို့နယ်ဉီးစီးမှူး ဉီးဖုန်းမြင့်အေးနှင့် တပ်ဖွဲ့ဝင်များက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်ပိုစတာအား စိုက်ထူခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

အဆိုပါဆိုင်းဘုတ်တွင် မီးသတ်ဉီးစီးဌာန၏ မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များ၊သဘာဝ ဘေးကယ်ဆယ်ရေးဆောင်ရွက်ချက် လုပ်ငန်းစဉ်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စဉ် ဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းစဉ် ဆောင်ရွက် ချက်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ချက်တို့ကို အတိုချုံးထည့်သွင်း ဖော်ပြထားကြောင်း သိရှိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)