ပျော်ဘွယ် မေ ၁

            ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ကန်တဲကျေးရွာတွင် ဧပြီလ(၂၉)ရက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီက ကန်တဲကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

            ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင် က လေပြင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို အားပေးစကားပြောကြားပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးကျော် က အိမ်ထောင်စုတစ်ခုချင်းအလိုက် ပျက်စီးဆုံးရှုံးမှုအခြေအနေပေါ်မူတည်၍ ထောက်ပံ့ပေးသည့် အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးသည်။

            ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နေအိမ်များအမိုးလန်ပျက်စီးမှု(၇၁)အိမ်အတွက် ထောက်ပံ့ငွေ(၃၅၂၃၉၉၉/-) ကျပ်၊ လူဦးရေ(၂၄၂)ဦးအတွက် တစ်ဦးလျှင်ရိက္ခာငွေကျပ်(၂၁၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၅၀၈၂၀၀/-)ကျပ်၊ စုစုပေါင်း ငွေကျပ်(၄၀၃၂၁၉၉/-)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက နေအိမ်များအမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)