(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် မီးသတ်တပ်ဖွဲ့ဝင်များ သွေးလှူဒါန်းမှုနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး
နေပြည်တော် မေ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သည် ၂၀၂၄ ခုနှစ်၊ မေ ၅ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်၁၀၀၀)တွင် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု အားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင် ၁၀၀၀)တွင် မီးသတ်တပ်ဖွဲ့ဝင် ၆၃ ဦး စုပေါင်းသွေးလှူဒါန်းမှုနှင့် ဆေးရုံဝင်းအတွင်း တပ်ဖွဲ့ဝင် အင်အား ၃၀၀ တို့ဖြင့် သစ်ပင်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းသွေးလှူရှင်များနှင့် သန့်ရှင်း ရေး ဆောင်ရွက်နေကြသည့် တပ်ဖွဲ့ဝင်များကို ခွန်အားပြည့်အာဟာရ အစားအစာများ ထောက်ပံ့ပေးအပ်သည်။
ယနေ့အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိကြီးများ၊ သန္ဓေတပ်ဖွဲ့ဝင် များနှင့် အရန်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်