နေပြည်တော် ၂၇ ဖေဖော်ဝါရီ
မူးယစ်တပ်ဖွဲ့စု(၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာအုပ်စု၊ ဥဒေါင်းကျေးရွာနေ ဘမောင်ဌေး၏နေအိမ်ကို ရှာဖွေရာ ၎င်း၏ဇနီး မခင်စန်းယုအား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆ ပြားနှင့် တစ်တောင့်ထိုးလုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖျူစ် ၁ ခု၊ ကာဘိုင် ကျည် ၂ တောင့်၊ ၉ မမ ကျည် ၁၃ တောင့်တို့ကို လည်းကောင်း။
ထို့အတူ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်၊ မြို့သစ်(၁)လမ်း၊ အခန်းအမှတ်(၇)နေ ဝေယံ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဆက်ကောင်းယံ (ခ) ပင်နီအား တွေ့ရှိပြီး အခန်းထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉၃ ပြား၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN