နေပြည်တော် ၂၇ ဖေဖော်ဝါရီ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်အရ တရားမဝင်သစ်များ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်က ပြင်ဦးလွင်မြို့ နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့ ရှောင်လမ်းတွင် ရပ်နားထားသည့် ယာဉ်အမှတ် YGN-9M/XXXX တွဲကား(ဆီဘောက်ဆာ) အတွင်းမှ တရားမဝင် တမလန်း/ပိတောက်ဓါးရွေ (၄၇)တုံး (၈ ဒသမ ဝ၈၃၄)တန်ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူအား စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

ကိုမျိုး