နေပြည်တော်၊ မေ ၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မေ ၄ ရက် မွန်းလွဲ ၃ နာရီတွင်  တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် ဂျိုကူ (ခ) ခွန်သား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ အားမို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၀၀၀ ကိုလည်းကောင်း၊ ဘိန်းဖြူ သုည ဒသမ ၀၆ ကီလို ကိုလည်းကောင်း၊ ထို့ပြင်ပူး‌ပေါင်းအဖွဲ့သည် နံနက် ၁၁ နာရီတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ မထက်ထက်ဖြိုးလင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်