နေပြည်တော် မေ ၈

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ယမန်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ)သို့ ရောက်ရှိပြီး တောင်သူ များအနေဖြင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးမှ တစ်ပိုင်တစ်နိုင် ပျော့ဖတ်များ ထုတ်လုပ် နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံးပျော့ဖတ်ချက်အိုးငယ်ဖြင့် ကောက်ရိုးပျော့ဖတ် များ စမ်းသက်ချက် လုပ်နေမှု၊ အသေးစားစက္ကူစက် စစ်ဆေးပြုပြင်နေမှု၊ ပျော့ဖတ် ကြိတ်စက်၊ ကောက်ရိုးမှပျော့ ဖတ်ချက်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက  ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့မှု၊ ကောက်ရိုးမှပျော့ဖတ်ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်း တင်ပြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက စပါးစိုက်ပျိုးသည့် တောင်သူများ ဝင်ငွေတိုးတက်စေရေး၊ ဒေသခံများအလုပ်အကိုင် ရရှိစေရေးတို့အတွက် ကောက်ရိုးမှ ပျော့ဖတ်များထုတ်လုပ်ရန် လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် စက္ကူစက်ရုံ (ရေနီ) ရှိ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို အသုံးပြု၍ ကောက်ရိုးမှ ပျော့ဖတ်ထုတ် လုပ်သည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက္ကူစက်ရုံ (ရေနီ)တွင် ယခင်က စက္ကူထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိ ဝန်ထမ်းများ ရှိပြီးဖြစ်၍ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများကို ကောင်းစွာအသုံး ချရမည် ဖြစ်ကြောင်း၊ ယခုစမ်း သပ်ဆောင်ရွက်နေသည့် ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ် သည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက တောင်သူများ၊ MSME  လုပ်ငန်းရှင်များအတွက် ပျော့ဖတ်ထုတ်လုပ်သည့် စက်များ ထုတ်လုပ်ပေးနိုင်ရေးအတွက် စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံများကို ကြိုတင်ရေးဆွဲထားရ မည်ဖြစ်ကြောင်း။

ထို့ပြင် ကောက်ရိုးမှ ပျော့ဖတ် ထုတ်လုပ်သည့် နည်းပညာများလွှဲပြောင်းပေးရေး ကိုလည်း စီမံဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ကောက်ရိုးမှထုတ်လုပ်သည့် ပျော့ဖတ်များဖြင့် တန်ဖိုးမြင့် ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တောင်သူများ၊ MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ၍ ဝင်ငွေများတိုးတက်ရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေ သည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကောက်ရိုးမှ ပျော့ဖတ်ထုတ် လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက အပြည့်အဝ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ ကောက်ရိုးမှ ထုတ်လုပ်ထားရှိသည့် ပျော့ဖတ်များဖြင့် စက္ကူများ စမ်းသပ်ထုတ်လုပ်နိုင်ရေးအတွက် အသေးစားစက္ကူထုတ်စက်ဖြင့် အမြန်ဆုံး ထုတ်လုပ်ပြသရန်  မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်