နေပြည်တော်၊ မေ ၁၀
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ)သို့ ရောက်ရှိပြီး စပါးစိုက်ပျိုးတောင်သူများ၊ MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိသည့် ကောက်ရိုးမှပျော့ဖတ်များ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းများဖြင့် ကောက်ရိုးမှ ပျော့ဖတ်ထုတ်သည့်လုပ်ငန်း စဉ်အဆင့်ဆင့်၊ စမ်းသပ် ထုတ်လုပ်သည့် ပျော့ဖတ်အရည်အသွေးတို့ကို လှည်လည်ကြည့်ရှုစစ် ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက စပါးစိုက်ပျိုး တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိသည့် ကောက်ရိုး များကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုခြင်းနှင့် သဘာဝမြေဩဇာများ အဖြစ်သာ အသုံးပြုလျက်ရှိ ကြောင်း၊ တောင်သူများအနေဖြင့် ကောက်ရိုးမှ ပျော့ဖတ်ဖြစ်သည်အထိ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင် မည်ဆိုပါက ဝင်ငွေတိုးတက်ပြီး လူနေမှု အဆင့်အတန်းများလည်း မြင့်မားလာမည့်အပြင် နိုင်ငံ၏ပြည်တွင်း အသားတင်ထုတ် လုပ်မှုတန်ဖိုး (GDP) လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ယခု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် ဓာတ်ခွဲခန်းသုံးပစ္စည်းများဖြင့်သာ သုတေသနပြု ဆောင်ရွက်နေခြင်းဖြစ်၍ စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံများကိုလည်း စနစ်တကျရေးဆွဲ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရသည့် နည်းစဉ်အဆင့်ဆင့် တို့ကိုလည်း မှတ်တမ်းတင်ထားရမည်ဖြစ်ကြာင်း၊ နိုင်ငံတကာ တွင် အသုံးပြုနေသည့် ကောက်ရိုးမှပျော့ဖတ် ထုတ်လုပ်သည့်နည်းစဉ်များကိုလည်း လေ့လာမှီငြမ်း ကိုးကားကြရမည်ဖြစ်ကြောင်းနှင့်် ဓာတ်ခွဲခန်း အတွင်းရှိ အသေးစားစက္ကူစက်အား အမြန်ဆုံးကောင်းမွန်အောင် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် မှာကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တန်(၂၀)ကတ်ထူစက္ကူစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်း များ စစ်ဆေးပြုပြင်ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံအား သတ်မှတ်ရက်တွင် ပြန်လည်လည်ပတ်နိုင်ရေးအတွက် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို အချိန်ဇယားများရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ရန်၊ စက္ကူထုတ်လုပ်သည့် ခေတ်မီနည်းစနစ်များကို ဝန်ထမ်းများသိရှိနိုင်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးရန်၊ စက်ရုံမှထုတ်လုပ်မည့် ထုတ်ကုန်ပစ္စည်းများသည် ပြည်ပသွင်းကုန် အစားထိုးပစ္စည်းများဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးအနက်ထားပြီး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)