ပုသိမ်  မေ   ၁၀

 

၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ မြေဆီလွှာဖွံ့ဖြိုးရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဇီးဖြူ စုကျေးရွာရှိ စိုက်ဧက(၁၁)ဧကတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တောင်သူများထံ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များပေးအပ်ပြီး တောင်သူများနှင့်အတူ သစ်စိမ်းမြေဩ ဇာ(ပိုက်ဆံလျှော်)များ စုပေါင်းကြဲပက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြေဆီလွှာများ ပြန်လည်ကောင်းမွန်စေရေးအတွက် သဘာဝမြေသြဇာများပြန် လည်ထည့်သွင်းခြင်း၊ မြေပြုပြင်ခြင်းများဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းများ သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများ မြေဆီလွှာများ ပြန်လည်ကောင်းမွန်စေရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက် ရှိစေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်လာသည်မှာ သုံးနှစ်တိုင်တိုင်ရှိပြီဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုများကို လျော့ချပြီး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိန်ကိုက် အချိုးကျထည့်သွင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ကျင်းပပြုလုပ်သည့်ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပန်းတနော်မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော် ဥူးကုမာရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာ နချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်တို့က ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ကျင်းပရာ ပန်းတနော်မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော်ဉူးကုမာရက အဖွင့်ဩဝါဒစကား မိန့်ကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စာကြည့်တိုက်နှင့် ပြတိုက် အဆောက်အဦကို ရေရှည်တည်တံ့ပြီး စာကြည့်တိုက်လုပ်ငန်းများ တိုးတက်အောင်မြင်စေရေး အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်း ဆောင်ရွက်ရန်လိုကြောင်း၊ ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦကို ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် နိုင်ငံအတွက်၊ တိုင်းဒေသကြီးအတွက် မြို့သူမြို့သားများအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင် ရှင်သန်ခိုင်မာ နေသည့် စာကြည့်တိုက်ပေါင်း(၃၂၃)တိုက်ရှိပြီး ချို့ယွင်းပျက်စီးနေသည့် စာကြည့်တိုက်များကိုလည်း ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းအတွက် ထောက်ပံ့ပေးသည့်အပြင်  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်သူများအသိပညာ ပြည့်၀ရေး၊ လူငယ်များဗလငါးတန် ပြည့်၀ရေးနှင့် ပညာရည်မြင့်မားရေးကို တိုက်တွန်းအားပေးလျက်ရှိပြီး နိုင်ငံတစ်ဝန်းလုံးစာကြည့်တိုက်များ ပေါ်ထွက်လာရေးနှင့် စာတတ်သူတိုင်းစာဖတ်ရေး၊ စာဖတ်ရှိန် မြင့်တင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင် ပြောကြားသည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကဦးသန့် စာကြည့်တိုက်အတွက် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်()ခရိုင်မှ လှူဒါန်းသည့် ငွေကျပ် သိန်း(၄၀) တန်ဖိုးရှိ စာအုပ်တင်စင် ()စင်နှင့် ငွေကျပ်(၆၅)သိန်း တန်ဖိုးရှိစာအုပ်စာစောင်များ၊ စာကြည့်တိုက်အဆောက်အဦ အသစ်()လုံး တည်ဆောက်ရန်အတွက် ငွေကျပ် သိန်း(၁၅၀)နှင့် စာအုပ်(၁၀၀၀)ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်က ပြန်ကြားရေးဝန် ကြီးဌာနကလှူဒါန်းသည့် စာအုပ်စာစောင်များ၊ DTH စလောင်း () စုံ၊ Set Top Box () လုံးနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက လှူဒါန်းသည့် စာအုပ် (၃၀၀)တို့ ကိုလည်းကောင်း၊ သာသာရေးဦးစီးဌာန တိုင်းဦးစီးမှူးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် စာအုပ်များကို လည်းကောင်း၊ စေတနာရှင် အလှူရှင်များက အလှူငွေများကိုလည်း ကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် မြို့မိမြို့ဖတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)