ပိုင်ကျုံ မေ ၁၁
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့် ကာယ/ဉာဏစွမ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန် နေ့က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက် လေ့လာကြသည့် ကျောင်းသား လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံပြင်ပြောပြခြင်း၊ စိတ်ကြိုက်ပန်းချီရေးဆွဲပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည် ။
ပြိုင်ပွဲများဆောင်ရွက်ခြင်းကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီး တစ်ဦးနှင့်တစ်ဦး ပါဝင်ယှဉ်ပြိုင်တတ်လာစေကြောင်း၊ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား ပျော်ရွှင်စေရေးအတွက် အာဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း၊ ပြိုင်ပွဲများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)