ပဲခူး မေ ၁၁

 

စာကြည့်တိုက်များ၏ အခန်းကဏ္ဍ၊ စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက သင်တန်းတွင် သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည်အထိသင်ယူပြီး မိမိတို့နှင့်အတူ လက်တွဲထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းတွင် (၁)စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်း (၂)မျိုးတူစုပြုခြင်း (၃)ကတ်တလောက်လုပ်ငန်း (၄)စာကြည့်တိုက်များ ပုံမှန်စစ်ဆေးခြင်းလုပ်ငန်း (၅)စာအုပ်များလေလွင့်ပြုန်းတီးမှ ုမဖြစ်စေရန် လိုက်နာရမည့်အချက်များ (၆)ပျောက်ဆုံးပျက်စီးမှုအတွက် အစားထိုးခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းဆိုင်ရာလုပ်ငန်း (၇)သဘာဝဘေးအန္တရာယ်မှ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း (၈)စာကြည့်တိုက်မှုး၏ အရည်အချင်းများနှင့် စာကြည့်တိုက်ဝန်ထမ်းများထားရှိရမည့် ခံယူချက်၊ ယုံကြည်ချက်နှင့် ဆောင်ရွက်ချက် (၉)စာကြည့်တိုက်တာဝန် လွှဲပြောင်းလက်ခံခြင်းစနစ် စသည့်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းအား မေလ ၁၁ မှ ၁၂ ရက်နေ့အထိ ၂ ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပဲခူးခရိုင်နှင့် မြို့နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား/သူ ၂၀ ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

သက်ဖြိုးကြိုင် (ပြန်/ဆက်)