ပေါင်းတည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ စုံလင်စွာရောက်ရှိလျက် ကျောင်းအပ်လက်ခံနိုင်ရေးကို ကြိုတင်စီမံဆောင်ရွက်ရှိကြောင်း သိရသည်။
ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ အခမဲ့သင်ယူနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကျောင်းသုံးစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများသို့ ကြိုတင်ဖြန့်ဖြူး ရန်စီမံဆောင်ရွက်ခဲ့ရာ ပေါင်းတည်မြို့နယ်၌လည်း အတန်းစုံကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရန်စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သက်ဆိုင်ရာ အခြေခံပညာကျောင်းအသီးသီးတွင် မေလ ၂၃ရက်မှ ဇွန်လ ၂ရက်အတွင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)