ရန်ကုန် မေ ၁၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော်အနီးရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ရှိ သင်တန်းသား သံဃာတော်များ အသုံးပြုနိုင်ရန် စားပွဲ၊ ထိုင်ခုံ၊ ကုတင်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအား အမှူးထား၍ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် သင်တန်းသား သံဃာ (၁၈၈) ပါးဆံ့ သံကူကွန်ကရစ် RCC (၄) ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ခံ အင်ဂျင်နီယာမှူးက အဆောက်အဦလုပ်ငန်း တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း (၂) ထပ်ပြီးစီးအောင် ဆောင်ရွက်နေမှုနှင့် သင်တန်းသား သံဃာတော်များ ထားရှိနိုင်မည့် အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်